အဓိကအကြောင်းအရာသို့ သွားမည်

Home 2

နောက်ဆုံးရသတင်းများ

Read More

အခမ်းအနားများ

Read More

ဆက်စပ်သတင်းများ

ဆက်စပ်သတင်းများ

Basel Institute on Governance ၏ Basel AML Index 2025 အရ မြန်မာနိုင်ငံအား အဆင့်သတ်မှတ်ဖော်ပြချက်အပေါ် ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန်ချက်

၁။    ဆွစ်ဇာလန်နိုင်ငံအခြေစိုက် International Non-profit Organization တစ်ခုဖြစ်သည့် Basel Institute on Governance က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် Basel AML Index 2025 အရ မြန်မာနိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် ဆုံးရှုံး နိုင်ခြေမြင့်မားသောနိုင်ငံစာရင်းတွင် နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။
၂။    ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti-Money Laundering - AML)၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(Countering the Financing of Terrorism - CFT) လူအများ အပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Proliferation of Financing of Weapon of Mass Destruction - CPF) လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းမှာ စက်မှုထိပ်သီး ၇ နိုင်ငံ အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၄၀ တို့မှ ဝန်ကြီး များဖြင့် ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) ဖြစ်ပါသည်။
၃။     FATF နှင့် FATF ကဲ့သို့ ပုံစံတူဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းများမှ အဖွဲ့ဝင် နိုင်ငံများသည် FATF  မှထုတ်ပြန်ထားသည့် Methodology ပါ စံနှုန်းသတ်မှတ်ချက်များအား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ လိုက်နာဆောင်ရွက်နေမှုများကို အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ခြင်း (Mutual Evaluation-ME) လုပ်ငန်းစဉ် ဆောင်ရွက်ပြီး FATF ၏ အကြံပြုချက် ၄၀ ပါ စံနှုန်းသတ်မှတ်ချက်ဖြင့် အကဲဖြတ်ခြင်းများ ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံ၏ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ချက် အစီ ရင်ခံစာပါ အကြံပြုချက် ၄၀ အနက် ၂၀၂၅ ခုနှစ်အထိ ၂၆ ချက်သည် စံနှုန်းသတ်မှတ်ချက်တိုးမြှင့် ကောင်းမွန်ရရှိခဲ့ပါသည်။ အခြားဒေသတွင်းနိုင်ငံများထက် စံနှုန်းသတ်မှတ်ချက်ပိုမိုတိုးတက် ကောင်းမွန်ခဲ့ပါသည်။ 
၄။    မြန်မာနိုင်ငံအနေဖြင့် FATF  မှထုတ်ပြန်ထားသည့် Methodology ပါ စံနှုန်းသတ်မှတ်ချက် များအား လိုက်နာ၍ AML/ CFT/ CPF ဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်လျက်ရှိသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့်အစီ အမံ (Action Plan) များအား ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားမှုနှင့် အခြားဆက်စပ်အခြေအနေများကြောင့် သတ်မှတ်ကာလ အတွင်း ပြီးမြောက်‌အောင်ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အလေးထားစိစစ်မှုများပြုလုပ်ရန်နှင့် တိုးမြှင့်အရေးယူ ဆောင်ရွက်မှုမပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့်နိုင်ငံနှင့် ဒေသများ (enhanced due diligence (EDD) – and not countermeasures ) စာရင်းသို့ ပြောင်းလဲထည့်သွင်းခြင်းခံခဲ့ရ ပါသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့ကဲ့သို့ Countermeasure (Black List) စာရင်းတွင် ပါဝင်ခြင်းမဟုတ်ဘဲ EDD ကိုပိုမိုဆောင်ရွက်ရန်သာ စာရင်းတွင်ထည့်သွင်းခံခဲ့ရပါသည်။ 
၅။    ထို့နောက် မြန်မာနိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အစီအမံ (Action Plan) များအား သတ်မှတ်ကာလအတွင်း ပြီးစီးစေရန် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) သို့ (၄) လတစ်ကြိမ် တိုးတက်မှုအစီရင်ခံစာများရေးသား ပေးပို့တင်ပြခြင်း၊ မျက်နှာချင်းဆိုင်အစည်းအဝေးများသို့ တက်ရောက်ရှင်းလင်းဆွေးနွေးခြင်းနှင့် FATF မျက်နှာစုံညီအစည်းအဝေးများ တက်ရောက်ခြင်းတို့အား စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ ပါသည်။
၆။    ယင်းကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များအပေါ် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ချက်များနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (ML/TF Risk) များကိုနားလည်ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ခြင်း၊ ယုံမှတ်အပ်နှံမှုဥပဒေအားပြင်ဆင်ခြင်း၊ သက်သေခံ ပစ္စည်းများစီမံရေး၊ ထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြင်ဆင်ပြဋ္ဌာန်းခြင်းတို့ အပါ အဝင် သိသာထင်ရှားသော တိုးတက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် FATF မှအသိအမှတ်ပြု၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ချက် (Statement) တွင် မြန်မာနိုင်ငံသည် လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်ရန် အကြံပြုချက် ယခင် (၈) ချက်ရှိရာမှ (၄) ချက်သာ ကျန်ရှိခဲ့ပြီး အလေးထား စိစစ်မှုများတိုးမြှင့်ဆောင်ရွက်ရန် (Enhanced Due Diligence)စာရင်းတွင်သာ ဆက်လက်ထားရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် အချက် (၄)ချက်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက Timeline များချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်နိုင်ရန် ပေါင်းစပ်ညှိနှိုင်း၍ အားသွန်ခွန်စိုက် ထိထိရောက်‌ရောက် ဆောင်ရွက်လျက်ရှိ ပါသည်။ 
၇။    Basel Institute on Governance က ထုတ်ပြန်သည့် Basel AML Index 2025 အရ နိုင်ငံနှင့် ဒေသပေါင်း ၁၇၇ နိုင်ငံအနက် လာအိုအား အမှတ်စဉ် ၇ တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံအား အမှတ်စဉ် ၁၉ တွင်လည်းကောင်း၊ နီပေါနိုင်ငံအား အမှတ်စဉ် ၄၉ တွင်လည်းကောင်း ဖော်ပြထား သော်လည်း ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီရန်နိုင်ငံတို့ ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် FATF ကဲ့သို့ခိုင်မာသည့် နိုင်ငံတကာလိုက်နာဆောင်ရွက်ရန် လိုအပ်သော စံနှုန်းသတ်မှတ်ချက်များနှင့် Methodology များချမှတ်ပြီးအကဲဖြတ်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ 
၈။    သို့ပါ၍ Basel Institute on Governance က Basel AML Index 2025 ထုတ်ပြန်ချက်သည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့် ဒေသများအားလုံးပေါ် လွှမ်းခြုံခြင်း မရှိသည့်အပြင် နိုင်ငံနှင့် ဒေသများ အားလုံးပါဝင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် FATF, APG တို့ကဲ့သို့ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးကို ရှေ့တန်းမှ စံနှုန်းချမှတ်လေ့လာသုံးသပ်နေသည့် အဖွဲ့အစည်းများ၏ အကဲဖြတ်ချက်များကို အခြေမခံဘဲ နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုရရှိစေရန် ကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံ၏တိုးတက်ဆောင်ရွက်မှုများကို မျက်ကွယ်ပြု၍ FATF နှင့် မြန်မာနိုင်ငံအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နေမှုများကို သေချာစွာသုံးသပ်ခြင်းမရှိဘဲ ထိခိုက်အောင် ရေးသားထုတ်ပြန်နေမှုကို ကန့်ကွက်ပါကြောင်း အများပြည်သူသိရှိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။ 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့

၁၁-၁၂-၂၀၂၅

အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အိမ်ခြံမြေအကျိုးဆောင် နှင့် အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများတွင် ကဏ္ဍအလိုက် ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၁၉ ရက် နံနက် ၈ နာရီက နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် ကိုးခုမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း ၂၆ ဦး၊ အိမ်ခြံမြေအကျိုးဆောင် ၁၄၅ ဦး နှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူ ၄၅ ဦး စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Credit from မြန်မာ့အလင်းသတင်းစာ , ဇွန်လ ၂၁ ရက် ၂၀၂၃ ခုနှစ် , စာမျက်နှာ ၂

ဩစတြေးလျနိုင်ငံ ASIC မှ ပေးပို့လာသည့် အစီရင်ခံစာအမှတ် Report 761 အား ဖတ်ရှုလေ့လာတင်ပြခြင်း

ဩစတြေးလျနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်နှင့်ရင်းနှီးမြှပ်နှံမှုကော်မရှင် ASIC(Australian Securities & Investments Commission) မှ ၂၀၂၃ ခုနှစ် ဧပြီလ တွင် ထုတ်ပြန်ခဲ့သည့် Scam Prevention Detection and Response by the Four Major Banks အစီရင်ခံစာ၊ အစီရင်ခံစာအမှတ်(Report 761) အား FICG မှ မြန်မာနိုင်ငံ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ ပေးပို့လာမှုအပေါ် ဖတ်ရှုလေ့လာပြုစုထားသည့် Power Point Presentation ဖြစ်ပါသည်။

အစီရင်ခံစာတွင် ပါဝင်သည့်အကြောင်းအရာများသည် ဘဏ်များနှင့်ပတ်သက်၍ အဓိကထားရေးသားထားခြင်း ဖြစ်ပါသည်။ အစီရင်ခံစာတွင် ဩစတြေးလျနိုင်ငံရှိ ဘဏ်များမှ Online လိမ်လည်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဆက်လက်ဆောင်ရွက်မည့်အကြောင်းအရာများအား ဖော်ပြထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအား ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း ကြေငြာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအား ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် အခမဲ့ ပို့ချသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ 

Credit from The Global New Light of Myanmar, 12 April 2023 News, Page 7

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် ကျင်းပခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် Bank of China (Hong Kong) Yangon Branch တို့ပူးပေါင်းကျင်းပသော ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုအားငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိုရမ် အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် ၂၀-၄-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။

Credit from ကြေးမုံသတင်းစာ၊ ဧပြီလ ၂၁ ရက်နေ့ ၂၀၂၃ ခုနှစ်၊ စာမျက်နှာ ၅

Read More

ဘယ်လိုငွေကြေးခဝါချကြသလဲ နှင့် ဘာလို့ ငွေကြေးခဝါချမှု လို့ခေါ်ကြသလဲ? (မြန်မာဘာသာပြန် အသိပညာပေး Video Clip - 04:46 Minutes)

ငွေကြေးခဝါချမှုအဆင့်(၃)ဆင့် (မြန်မာဘာသာပြန် အသိပညာပေး Video Clip - 02:14 Minutes)