ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများဆောင်ရွက်ခြင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) ဆိုင်ရာ အသိပညာမြှင့်တင်ပေးရေးသင်တန်း ပြုလုပ်ခြင်း(ရွှေလုပ်ငန်းရှင်များ) (၂၂-၂-၂၀၂၆)
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT)ဆိုင်ရာ အသိပညာမြှင့်တင်ပေးရေး သင်တန်းကို ၂၂-၂-၂၀၂၆ ရက်နေ့ ၀၉၀၀ အချိန်မှ ၁၅၀၀ အချိန်ထိ မန္တလေးမြို့၊ ကျူရှင်ဓမ္မဗိမ္မာန်၊ မဟာမြိုင်ကျောင်းတိုက်၌ ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲနှင့် အသိပညာမြှင့်တင်ရေးသင်တန်းအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးအဖွဲ့၊ ဒုတိယအဖွဲ့ခေါင်းဆောင် ရဲမှူးကြီး မြင့်စိုး မှ တက်ရောက်သင်ကြားပို့ချခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းများ အသင်းသူ အသင်းသား ၁၂၀ ခန့် တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲနှင့် အသိပညာမြှင့်တင်ရေးသင်တန်းတွင် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် အသစ်ထွက်ရှိမည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအကြား ကွာခြားချက်များ၊ ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်ချက်များ၊ လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ ရွှေနှင့် အဖိုးတန် သတ္တုလုပ်ငန်းများနှင့် ငွေကြေးခဝါချမှုတို့အကြား ဆက်စပ်မှုများအား ရှင်းလင်း ဆွေးနွေး ပို့ချခဲ့ပါသည်။
- Log in to post comments