ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆-၂-၂၀၂၄)
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၆-၂-၂၀၂၄ ရက်နေ့ ၁၅၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပရဟိတ အဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေအခြေပြုကြီးကြပ်စစ်ဆေးခြင်းများအား ကော်မတီဖွဲ့စည်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
- Log in to post comments