အဓိကအကြောင်းအရာသို့ သွားမည်

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ Asia Pacific Joint Group(APJG) ၏ မျက်နှာစုံညီအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း(၇-၉-၂၀၂၃)

၇-၉-၂၀၂၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ အာရှပစိဖိတ်ပူးတွဲအဖွဲ့(APJG) မှ မြန်မာနိုင်ငံ၏ နဝမအကြိမ် တိုးတက်မှုအစီရင်ခံစာအား ဆွေးနွေးသည့် မျက်နှာစုံညီအစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့  ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး နှင့် အဖွဲ့ဝင် ဒုတိယရဲမှူးကြီး မြင့်စိုး တို့ ပါဝင်ခဲ့ပါသည်။

အစည်းအဝေးအား ၇-၉-၂၀၂၃ ရက် ၁၀၃၀ အချိန်မှ ၁၅၀၀ အချိန်အထိ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ Trident Hotel ဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင်သည့်ကိုယ်စားလှယ် (၈)ဦး၊ APJG  မှ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူး ရုံးအဖွဲ့မှ ကိုယ်စားလှယ်များ၊ အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မှ တွဲဖက်သဘာပတိများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ အိန္ဒိယ၊  ဂျပန်၊ တရုတ် (မကာအို) နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အကဲဖြတ်သူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း မှ နိုင်ငံရေးအရ အဆင့်မြင့်အရာရှိကြီးများ၏ သန္နိဋ္ဌာန်ရှိမှု (Political Commitment) အပါအဝင် မြန်မာနိုင်ငံ၏ တိုးတက်မှုအစီရင်ခံစာ တိုးတက်ဆောင်ရွက်မှုများကို အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ တိုးတက်မှုအစီရင်ခံစာ (Progress Report) ပါ Immediate Outcome (IO) အလိုက်ဆောင်ရွက်ချက်များအား ကဏ္ဍအလိုက်အကဲဖြတ်သူများက သိရှိလိုသည့်အချက်များမေးမြန်းခဲ့မှုအပေါ်  ရှင်းလင်းဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

Date