အဓိကအကြောင်းအရာသို့ သွားမည်

အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) ၏ Mutual Evaluations Committee(MEC) အစည်းအဝေးသို့ Zoom Meeting ဖြင့် တက်ရောက်ခဲ့မှု (၂၆-၉-၂၀၂၃)

၂၆-၉-၂၀၂၃ ရက်နေ့ ၀၉၃၀ ချိန်မှ ၁၁၀၀ ချိန်ထိ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးစီးအဖွဲ့ဝင်များသည် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) ၏ Mutual Evaluations Committee(MEC) အစည်းအဝေးသို့ Zoom Meeting ဖြင့် တက်ရောက်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ဝင် ဒုရဲမှူးကြီး မြင့်စိုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင် တို့မှ အဖွဲ့ဝင်များအဖြစ် တက်ရောက်ခဲ့ပါသည်။

Date