အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆-၃-၂၀၂၄)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၆-၃-၂၀၂၄ ရက်နေ့ ၁၃၀၀ အချိန်တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇဗ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးအား လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ဦးဆောင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အုပ်စုလိုက်ပူးပေါင်း ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဧကာဒသမအကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

Date