အဓိကအကြောင်းအရာသို့ သွားမည်

မဟာဗျူဟာနယ်ပယ်(၂)၊ မဟာဗျူဟာနယ်ပယ်(၄) တို့အပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွေးနွေးပွဲ (၈-၃-၂၀၂၄)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၃) အားပြန်လည်သုံးသပ်ရေးဆွဲရေးအတွက် မဟာဗျူဟာနယ်ပယ်(၂) နှင့် မဟာဗျူဟာနယ်ပယ်(၄)တို့အပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆွေးနွေးပွဲအား ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ် မျိုးသူစိုး ဦးဆောင်၍ ၈-၃-၂၀၂၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် နှင့်အဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Date