MYANMAR

FINANCIAL INTELLIGENCE UNIT

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ



၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက် ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ(National Strategy on Anti-Money Laundering and Countering the Financing of Terrorism)အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၆-၆-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၄/၁၆၈/အဖရ (၁၀/၂၀၁၉)ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ ယင်းမဟာဗျူဟာတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးစနစ် ပိုမိုအားကောင်းခိုင်မာစေရန်အတွက် မဟာဗျူဟာနယ်ပယ်(၅)ရပ်၊ မဟာဗျူဟာရည်မှန်းချက် (၃၂)ချက်နှင့် အကောင်အထည်ဖော်ရမည့်အစီအစဉ် (၁၄၁)ချက်ပါရှိ ပါသည်။ မဟာဗျူဟာနယ်ပယ်(၅)ရပ်မှာ ဥပဒေမူဘောင်ဆိုင်ရာအခန်းကဏ္ဍ ပိုမိုတိုးတက်ခိုင်မာ စေရန်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ ပိုမိုတိုးတက်ခိုင်မာ စေရန်၊ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့များနှင့် DNFBPs များ၏ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ခိုင်မာစေရန်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ စွမ်းရည်များ ပိုမိုတိုးတက်ခိုင်မာစေရန်၊ ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မာစေရန်တို့ဖြစ်ပါသည်။ ၎င်းအခန်းကဏ္ဍများ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထားရှိပြီး မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကာလသည် ၂၀၁၉ မှ ၂၀၂၃ အထိ (၅)နှစ်တာ ကာလ ဖြစ်ပါသည်။ အမျိုးသားအဆင့်မဟာဗျူဟာကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက်ရလဒ်များနှင့် အဖွဲ့ဝင် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ချက် အစီရင်ခံစာပါတွေ့ရှိချက်များကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နည်းပညာအကူအညီ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များနှင့်အညီ အမျိုးသားအဆင့် မဟာဗျူဟာကိုရေးဆွဲ ပြုစုခဲ့ပါသည်။

PDF File ရယူရန်

National Strategy on Anti-Money Laundering and Countering the Financing of Terrorism

National Strategy on Anti-Money Laundering and Countering the Financing of Terrorism was published on 23 rd May, 2019 by the approval of the Union Government dated on 6-6-2019, by the letter no: 4/ 168 / aphaya (10/2019). This National Strategy consist of 5 strategic areas with Strategic Objectives 32 and Action Plan 141 for Myanmar's Anti-Money laundering and Countering the Financing of Terrorism Regime in order to strengthen. 5 National Strategic areas are – Strategic Area I –Strengthening policies, instructions and legal frameworks on money laundering, terrorism and terrorist financing in line with international standards based on the identified risks, Strategic Area II -Conducting functions of FIU more effectively, Strategic Area III -Implementing more effectively on AML/CFT preventive measures on banks and financial institutions and DNFBPs, Strategic Area IV- Capacity development in investigation, prosecution and conviction of LEAs, prosecuting bodies and judicial authorities with respect to confiscation of Proceeds obtained from committing ML, its predicate offences and TF, Strategic Area V-Enhancing internal and international Cooperation on AML/CFT. With concerns the role of the respective government and organizations in Myanmar has described to be undertaken and the strategy to be implemented from 2019 to 2023 (5) year period. The National Strategy based on NRA findings and ME results and it was drafted by the perception of the members of drafting committee, working groups, the Central Body and together with technical assistance of IMF.

Download PDF