Skip to main content
n5

ဥရောပတိုက် ဂျာမနီနိုင်ငံ International Peace University မှ ချီးမြှင့်မည်ပါရဂူဘွဲ့ IBEC ဆရာတော် တက်ရောက်ယူမည်

IBEC ဆရာတော်(စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်)သည် ၂၀၁၉-ခုနှစ် မေလ ၃၀ ရက် အိန္ဒိယနိုင်ငံ ဘင်ဂလောတက္ကသိုလ်တွင် ဥရောပတိုက် ဂျာမနီနိုင်ငံ International Peace University မှ ပေးအပ်ချီးမြှင့်မည့် လူသားအကျိုးပြု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို တက်ရောက်လက်ခံ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

            အဆိုပါဆုအား ဗုဒ္ဓဘာသာနှင့်ငြိမ်းချမ်းရေးကိစ္စများ၊ လူသားအကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ပြီး IBEC ဆရာတော် နှင့်အတူ နီပေါနိုင်ငံမှ Mr. Piya Ratana Maharjan အပါအဝင် တစ်ကမ္ဘာလုံးတွင် စုစုပေါင်း ၁၂ ဦးသာ ချီးမြှင့်ခံရကြောင်းနှင့် IBEC ဆရာတော် ဘဒ္ဒန္တသောဘိတသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ သောတာပန်ရပ်တွင် International Buddhist Education Center (IBEC) အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကို တည်ထောင်ထားသူဖြစ်ပြီး ပရိယတ္တိ စာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ကျွန်းလှသီတဂူဗုဒ္ဓတက္ကသိုလ်နှင့် စက္ခုဒါနဆေးရုံတော်၊ အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုစင်တာ (နယ်သာလန်)ဟူ၍ ကဏ္ဍကြီးငါးခုဖြင့် ဆောင်ရွက်သာသနာပြုလျက်ရှိကြောင်းသိရသည်။

            ဆရာတော်၏ ပြည်တွင်းပြည်ပသာသနာပြုလုပ်းငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များအား အသိအမှတ်ပြုခြင်းအားဖြင့် ကမ္ဘာ့ဘာသာပေါင်းစုံအဖွဲ့အစည်းကြီးမှ ငြိမ်းချမ်းရေးသံတမန်အဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇေယျာလူမှု ထူးချွန်ပထမအဆင့်ဘွဲ့လက်မှတ်နှင့် နိုင်ငံတကာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တို့အားလည်းကောင်း၊ ဆွီဒင်နိုင်ငံ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုအားလည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ဗုဒ္ဓဘာသာ လူငယ်ခေါင်းဆောင်ဆုနှင့် ဒေါက်တာအမ်ဘေဒကာဆု၊ ထိုင်းနိုင်ငံ ဘုရင့်မိသားစုမှ International Naga Award တို့အား ချီးမြှင့်ဆက်ကပ်ခြင်းခံရပြီးဖြစ်သည်။

Add new comment

The comment language code.

Plain text

  • No HTML tags allowed.
  • Lines and paragraphs break automatically.
  • Web page addresses and email addresses turn into links automatically.
The website encountered an unexpected error. Please try again later.
TypeError: Argument 1 passed to Drupal\event_log_track_auth\EventSubscriber\EventLogTrackAuthExit::onExit() must be an instance of Symfony\Component\HttpKernel\Event\TerminateEvent, instance of Symfony\Component\HttpKernel\Event\PostResponseEvent given in Drupal\event_log_track_auth\EventSubscriber\EventLogTrackAuthExit->onExit() (line 32 of modules/events_log_track/modules/event_log_track_auth/src/EventSubscriber/EventLogTrackAuthExit.php).